ကျောက်မဲ ၂၂ ဇူလိုင်


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်း ဒေသခံတောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ−၇) ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက ခိုမုန်းကျေးရွာ၊ ထမ်းလင်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

1

 


ရှေးဦးစွာ ကျောက်မဲမြို့နယ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းနိုင်က လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ−၇) ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ဦးစိုင်းထွန်းဝင်း၊ ကျောက်မဲခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဉီးတင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စွန့်လွှတ်သည့် မြေများအပေါ် တောင်သူ ၃၀ ဦး၊ ဦးပိုင်ပေါင်း ၃၃ ဦးပိုင်၊ ဧရိယာ ၅၁ ဧကအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ−၇)များ တောင်သူတစ်ဦးချင်းလက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြပြီး ခိုမုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းလှကျော်မှ တောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ကျောက်မဲခရိုင် (ပြန်/ဆက်)