မြင်းခြံ  ၂၂  ဇူလိုင်


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအတွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

1

 


အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် သုတ၊ ရသစာအုပ်များ၊ ကလေးများအတွက် သင်ထောက်ကူ စာအုပ်များ၊ ကြီးပွားတိုးတက်ရေး စာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ပုံပြင်စာအုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ လေ့လာကြည့်ရှု ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 


စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲသို့ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများနှင့် ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


ဇော်မင်းနိုင်(မြင်းခြံ)