၂၂ ဇူလိုင်
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး အစိုးရသည် အထက်လွှတ်တော်ရွေးကောက်ပွဲ တွင်အနိုင်ရရှိသည့်အတွက် တောင်ကိုရီးယားနိုင်ငံအပေါ် ပိုပြီးပြင်းထန်သောရပ်တည်ချက် ဖြစ်နိုင်သဖြင့် တောင်ကိုရီးယားအစိုးရက စိုးရိမ်ပူပန်နေသည်ဟု ထင်မြင်ယူဆသည်။
အချို့သောအဆင့်မြင့်နည်းပညာပစ္စည်းများ အပေါ်ဂျပန်နိုင်ငံ၏ တင်းကျပ်သော ပို့ကုန်ထိန်းချုပ်မှုနှင့် စစ်အတွင်း အလုပ်သမားကိစ္စရပ်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား တင်းမာမှုများပိုမိုပြင်းထန်လာခဲ့သည်။
ညွန့်ပေါင်းပါတီ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အမတ်နေရာအများစုရရှိခဲ့သော ယမန်နေ့က ရွေးကောက်ပွဲရလဒ်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုရသေးပေ။
ယမန်နေ့ ည ၉ နာရီ က အန်အိတ်ချ်ကေ သတင်းဌာန၏ တွေ့ဆုံမေးမြန်းချက်အရ အာဏာရပါတီများက ရွေးကောက်ပွဲအနိုင်ရရှိဖို့ လုံးဝသေချာသည်ဟု တောင်ကိုရီးယားနိုင်ငံ၏ အများပြည်သူ ရုပ်သံလွှင့်ဌာန KBS က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရခဲ့သော ရှင်ဇိုအာဘေးအစိုးရသည် ပါလီမန်ကတစ်ဆင့် စီးပွားရေး လက်တုံ့ပြန်မှုစီမံချက်ကို တွန်းအားပေးရန် ယခုအခါ ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ Yonhap သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို