ကသာ ၂၂ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်းအားဆိုင်ရာ ဦးစီးဌာနရုံးမှ  အိမ်ထောင်စု ပုံစံ (၁၀) များ ရေစိုစုတ်ပြဲခြင်း၊ ပျက်စီးဆွေးမြေ့ကာ မထင်မရှား ဖြစ်နေသော အိမ်ထောင်စုများအတွက်  အိမ်ထောင်စု ပုံစံ (၁၀) များ အခမဲ့ အသစ်ပြန်လည် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကသာမြို့ အမှတ် (၃) ရပ်ကွက် မဟာလေးထပ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံရှိ ရေဘေးကယ်ဆယ်ရေး စခန်းတွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါ အိမ်ထောင်စု ပုံစံ (၁၀) များ အသစ်ပြန်လည်ထုတ်ပေးရာတွင် ဒုလဝကမှူး ဦမျိုးဇော်သက် ဦးဆောင်၍ လ/ထ လဝကမှူးများနှင့်အတူ အိမ်ထောင်စုစာရင်းမျာအား ရုံးလက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးရေးသွင်းပြီး ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်းသို့ ပြောင်းရွှေ့ခဲ့ရသော ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာမှ ရေဘေးသင့် အိမ်ထောင်စု (၃၇) စုတို့အတွက် အိမ်ထောင်စု ပုံစံ (၁၀) များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့ထံ လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။


နိုင်လင်းထက် (ပြန်/ဆက်)