နေပြည်တော် ၂၂ ဇူလိုင်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးအောင်ဇော်သိန်းနှင့် ဦးမျိုးတင့်တို့ ပါဝင်သည့် အပြီးသတ် ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)တွင် ရုံးထိုင်ပြီး တရားမထွေထွေလျှောက်ထားမှု (စာချွန်တော်) (၅)မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ် အထွေထွေလျှောက်ထားမှု (စာချွန်တော်) (၁)မှုနှင့် တရားမအထွေထွေ လျှောက်ထားမှု (စာချွန်တော်) (၄)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်


