ဒလ  ၂၂  ဇူလိုင်

ဒလမြို့နယ်အတွင်း ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသော သုံးဘီးယာဉ်မောင်းသူများ လမ်းစည်းကမ်း ယာဉ်စည်ကမ်းများနှင့်အညီ မောင်းနှင်စေရေးအတွက် အသိပညာခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဒလမြို့နယ် YRTA ရုံးတွင် ပြုလုပ်ခဲ့သည်။

အသိပညာပေးရာတွင် ဒလမြို့နယ် အမှတ်(၅၉) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်မြင့်ဟန်က မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော သုံးဘီးယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအတိုင်း လိုက်နာကျင့်သုံး မောင်းနှင်ရေး၊ ယာဉ်ရပ်နားဂိတ် ထိုးရာတွင်လည်း အများပြည်သူသွားလာမှု မထိခိုက်စေရန် စနစ်တကျရှိစေရေး၊ ယာဉ်နှင့် ယာဉ်မောင်းသူများတွင် သတ်မှတ်လိုင်စင်များ ရှိစေရေး၊ ခရီးသည်ခေါ်ယူရာတွင် စည်းကမ်းရှိစေရေးတို့ကို ရှင်းလင်းပြောကြားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဒလမြို့နယ်တွင် ခရီးသည် ပို့ဆောင်ပြေးဆွဲလျက်ရှိသော သုံးဘီးယာဉ်စီးရေ ၂၀၀ ကျော်ရှိကြောင်း သုံးဘီးယာဉ်မောင်း သူများ၏ ပြောကြားချက်အရ သိရသည်။

မောင်ယဉ်ဦး(ဒလ)