စေတုတ္တရာ ၂၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူကလေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးခြင်းကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက စေတုတ္တရာမြို့နယ် မကြီးစုကျေးရွာ အ.လ.က(ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဖိုးကျော်မင်းက ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား နွားနို့နှင့် ကြက်ဥများ စားသုံးခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူ (၈၂)ဦးအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


