ကံမ ၂၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကုန်းသောင်ကျေးရွာအုပ်စု၊ ရေလယ်တောင်ကျေးရွာတွင် ယမန်နေ့က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (OSS) အား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောရာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းများလျော့နည်း ကျဆင်းရေး၊ ရာသီတုပ်ကွေး(H1N1)နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်အချက်များ အစရှိသည်တို့အား ဌာနဆိုင်ရာများမှ တာဝန်ရှိသူအသီးသီးတို့က ပညာပေးဟောပြောခဲ့ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


