နေပြည်တော် ၂၂ ဇူလိုင်
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၃ နာရီတွင် ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းအနေဖြင့် မွန်းလွဲ ၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် (၂)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
MDN