၂၂ ဇူလိုင်
ဟော်မုဒ်ရေလက်ကြားရှိ ဗြိတိသျှအလံတင်ရေနံတင်သင်္ဘောတစ်စီးကို အီရန်နိုင်ငံက ဖမ်းဆီးလိုက်ခြင်းအတွက် ပြန်လည်တုံ့ပြန်သောအားဖြင့် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်ကို ဝန်ကြီးများက ရေးဆွဲနေကြောင်း ဗြိတိန်သတင်းစာက ဆိုသည်။
အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ဘဏ်စာရင်းများကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သောကြာနေ့က ထိုရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ပြီးနောက် ထိုသင်္ဘော နှင့် ၎င်းသင်္ဘောသားများကို အီရန် အစ္စလာမ္မစ်တော်လှန်ရေးကမ်းခြေစောင့်တပ်ဖွဲ့ က စုံစမ်းစစ်ဆေးလျက်ရှိသည်။
ထိုတပ်ဖွဲ့က ၎င်းသင်္ဘောသည် အပြည်ပြည်ဆိုင်ရာရေကြောင်းစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း အီရန်နိုင်ငံ၏ပြောဆိုချက် အခြေအမြစ်မရှိဟုဆိုကာ ထိုသင်္ဘောနှင့် သင်္ဘောသားများကို ပြန်လွှတ်ပေးရန် ဗြိတိန်နိုင်ငံက တောင်းဆိုထားသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို