ရန်ကုန် ၂၂ ဇူလိုင်
အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ် (၉၈) (၉၉) (၁၀ဝ)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမတွင် ယနေ့နံနက် ၈ နာရီက ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ယင်းသင်တန်းဖွင့်ပွဲသို့ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၉၈) (၉၉) (၁၀ဝ)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား (၁၆၅)ဦး၊ သင်တန်းသူ (၂၀၆)ဦး စုစုပေါင်း (၃၇၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


