ရေစကြို ၂၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီအချိန်က ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၂၂)လုံးနှင့် အိမ်ထောင်စု(၂၅)စုကို ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့တွင်ဧရာဝတီမြစ်ရေနှင့်ချင်းတွင်းမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော လူနေအိမ်(၂၂)လုံး၊ အိမ်ထောင်စု(၂၅)စု၊ စုစုပေါင်း လူဦးရေ(၉၅)ဦးတို့အတွက်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၉၉၅၀ဝ)၊ အိမ်ဆောက်ပစ္စည်းဖိုး ( ၂၂၀ဝ၀ဝ၀ ) စုစုပေါင်း(၂၃၉၉၅၀ဝ )ကျပ်အား ရေစကြိုမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံးမှတာဝန်ရှိသူများက ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နွယ်နွယ်အောင်


