နေပြည်တော်  ၂၂   ဇူလိုင် 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနသို့ အလှူရှင်များမှ ခေတ်ဟောင်း(အင်္ဂလိပ်/ မြန်မာ) ဓာတ်ပြားများနှင့်ဓာတ်ပြားစက်များအား ဆက်သွယ်လှူဒါန်းလျက်ရှိရာ ဇူလိုင် (၂၀)ရက် တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ အောင်မေတ္တာ (၁)လမ်း နေ ဦးဆွေဦးမိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြားအချပ်(၃၀)၊ အင်္ဂလိပ်ခေတ် ဟောင်းဓာတ်ပြား(၄၃)ချပ်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၇/၂)ရွှေတောင်ကြား လမ်းနေ ဦးဝင်း+ဒေါက်တာဒေါ်ရီရီမြင့် (စီးပွားရေးတက္ကသိုလ်ပါမောက္ခ) မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓါတ်ပြား(၁၁၂)ချပ်၊ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သီလ(၉)လမ်း၊ အမှတ်(၂၈၈)နေဦးငွေစိုး၊ ဒေါ်မြရွှေမိသားစုမှ မြန်မာ ခေတ်ဟောင်းဓာတ်ပြား(၂၆)ချပ်၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း) (၆၄)ရပ်ကွက်၊ B/62-63 ရတနာသိင်္ဂီလမ်း၊ စက်မှုဇုန်(၃)နေဦးအေးမြင့် (စိန်ဘရားသား)မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား(၂၅)ချပ်၊ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း(အလယ်)၊ အမှတ်(၂၂၄)နေဒေါ်စန္ဒာလွင် မိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား(၁၆)ချပ်၊ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား(၁)ချပ်၊ ဓာတ်ပြားစက်(၁)လုံး၊ ဘီဒို(၁)လုံး၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်း၊ အမှတ် ၇၉(က)နေဒေါ်ခင်နှင်းလွင်မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား(၅၅)ချပ်၊ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗိုလ်စောပု လမ်း၊ ပင်မစက်ပြင်အလုပ်ရုံသစ်စက်၊ အရာရှိရိပ်သာနေ စန္ဒရားဦးသိန်းဇော် အား ရည်စူး၍ ဦးစိုးလှိုင်+ဒေါ်မြင့်မြင့်ဆွေမိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၄၇)ချပ်၊ ဓာတ်ပြားစက်(၁)လုံး၊ ရန်ကုန်မြို့၊ ဘားလမ်း၊ အမှတ်(၂၂၅) ပထမထပ် နေဦးထွန်းကြင် မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား(၁၈၃)ချပ်တို့ကို မြန်မာ့အသံနှင့်ရုပ်မြင် သံကြားရုံးခွဲ (ရန်ကုန်)သို့ ဆက်သွယ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ခေတ်ဟောင်း (အင်္ဂလိပ်/ မြန်မာ) ဓာတ်ပြား များနှင့် ဓာတ်ပြားစက်များအားထိန်းသိမ်းထားရှိလိုသဖြင့် လှူဒါန်းလိုသူများ ရှိပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး (အသံလွှင့်) ဖုန်းဝ၆၇-၇၉၂၁၂၊ ဝ၉-၂၅၀၁၀၇၉၀၃၊ ဦးရန်နိုင်ထွန်းလက်ထောက်ညွှန်ကြားရေးမှူး(မှတ်တမ်း) ဖုန်းဝ၉-၂၅၂၄၁၂၈၁၃၊ နေပြည်တော်(တပ်ကုန်း)နှင့် ဦးတင်အုန်း (ဦးစီးအရာရှိ) ဖုန်းဝ၉-၄၂၀၂၅၂၀၆၈၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးခွဲ(ရန်ကုန်)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
 

(သတင်းစဉ်)