တီဟီရန် ၂၃ ဇူလိုင်
အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနသည် တိုင်းပြည်အတွင်းရှိ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် စီအိုင်အေအတွက် အလုပ်လုပ်ကိုင်ပေးနေသည့် စပိုင်ကွန်ရက်ကို ဖြိုခွဲလိုက်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်က ကြေညာခဲ့သည်။
အဆိုပါ ကွန်ရက်နှင့်ဆက်စပ်မှုရှိသည့် လူ ၁၇ နှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု နိုင်ငံ၏ သတင်းအေဂျင်စီဖြစ်သည့် အိုင်အာအန်အေသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံထားရသူများထဲမှ အချို့ကို သေဒဏ်ချမှတ်ခဲ့ပြီး ဖမ်းဆီးခံထားရသူများ၏ အမည်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ဖမ်းဆီးခံထားရသူများမှာ အီရန်နိုင်ငံ၏ စီးပွားရေး၊ နျူကလီးယားအစီအစဉ်၊ အခြေခံအဆောက်အအုံ၊ စစ်ရေးနှင့် ဆိုက်ဘာကဏ္ဍတို့တွင် ထောက်လှမ်းရန် တာဝန်ပေးခံထားရသူများဖြစ်သည်။ ၎င်းတို့သည် သတင်းအချက်အလက်များကို စုစည်းပေးရကြောင်းလည်း ပရက်စ်တီဗွီတွင် ဖော်ပြထားသည်။
ဆင်ဟွာ