စဉ့်ကူး ၂၃   ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင် (၄၅)ကျောင်းကို ဧရာဝတီ မြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပိတ်ထားရကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်ထံမှ သိရသည်။

 

1

 


“ကျွန်တော်တို့ ဧရာဝတီမြစ်ရေကြီးချိန်တိုင်းဟာ ကျောင်းတွေပိတ်လေ့ရှိပါတယ်။ ကျောင်းထဲ၊ စာသင်ခန်းထဲ့အထိ ရေဝင်ရောက်၍ စာသင်ကြားလို့မရတော့ပါဘူး။ ဝါပတ်ကာလအထိ ရေကြီးတဲ့အချိန်ကာလကြာခဲ့ရင် ကျောင်းပိတ်ကာလတွေကို ရက်အစားထိုးသင်ကြားသွားမည်ဖြစ်ကြောင်း” ၎င်းကဆက်လက် ပြောကြားသည်။


စဉ့်ကူးမြို့နယ်အတွင် ဧရာဝတီမြစ်ရေမြင့်တက်လာ၍ ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း သုံးကျောင်း၊ အထက်တန်းကျောင်း(ခွဲ)သုံးကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းလေးကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) တစ်ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းသုံးကျောင်း၊ အခြေခံပညာမူလတန်းကျောင်းသုံးဆယ်ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)တစ်ကျောင်း စုစုပေါင်း (၄၅)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။


မင်းဇော်ဦး(ပြန်/ဆက်)