ပုလော ၂၃ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ က ပုလောမြို့နယ် မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အားကစာဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
မြို့နယ်ပေါင်းစုံမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ ပုလောမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာကြသော အမျိုးသား/အမျိုးသမီးများ ကီလိုတန်းအလိုက် အကြိတ်အနယ် လက်ဝှေ့ယှဉ်ပြိုင်ခဲ့ကြရာ အားကစားဝါသနာရှင်များက ကြည့်ရှု အားပေး ခဲ့ကြသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ဆွတ်ခူးရရှိခဲ့သော ပုလောမြိုနယ်အသင်းအား လွတ်တော်ကိုယ်စားလှယ် ဦးကြည်လှိုင်က ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမျိုးသား (၄၈၊ ၅၁၊ ၅၄၊ ၅၇၊ ၆၀၊ ၆၃.၅) ကီလိုတန်းတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။
ထူးဝေယံ(ပြန်/ဆက်)


