မန္တလေး ၂၃ ဇူလိုင်


ထိုင်းနိုင်ငံတောင်ပိုင်းရှိ International Buddhist College (IBC) နှင့် ချိတ်ဆက်ဆောင်ရွက်ထားသည့် Pali and Buddhist Studies Program ကို ဖောင်တော်ဦး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွင် စတင်လေ့လာ သင်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

1

 


ဖောင်တောင်ဦး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်၏ အဆင့်မြင့်ပညာ သင်ကြားရေး အစီအစဉ်များကို ယနေ့စတင်မိတ်ဆက်ရှင်းလင်းခဲ့ရာ Pali and Buddhist Studies Program ကို အခုလ ၂၄ ရက်တွင် စတင်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။

 

1

 


‘ဘုန်းဘုန်းကြီးမှာ အိပ်မက်တွေ အများကြီးရှိတယ်။ ၂၀၁၅ မှာဖောင်တော်ဦး အင်တာနေရှင်နယ်ယူနီဗာစတီရဖို့ ကြိုးစားခဲ့တယ်။ ဒီကနေ့မှာဆိုရင် Pali and Buddhist Studies Program  မှတ်တိုင်ထူ ဆောင်ရွက်နိုင်ခဲ့တယ်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ တက္ကသိုလ် International Buddhist College နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်’ဟု ဖောင်တော်ဦး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်မှ အထွေထွေမန်နေဂျာ မြတ်မွန်သူကပြောသည်။


Pali and Buddhist Studies Program အတွက် ဝင်ခွင့်စာမေးပွဲတွင် IELTS ဖြေဆိုရပြီး ဖြေဆိုသည့် ကျောင်းသားများထဲမှ သင်ယူခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးရှိကြောင်း သိရသည်။


Pali and Buddhist Studies Program ကို ဖောင်တော်ဦး အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွင် နှစ်နှစ်သင်ကြားရမည်ဖြစ်သည်။ နှစ်နှစ်သင်ကြားပြီးပါက ထိုင်းနိုင်ငံရှိ International Buddhist College တွင် နှစ်နှစ် ဆက်လက်သင်ကြားရမည်ဖြစ်သည်။


အိမို့မို့ခိုင်