ပင်းတယ ၂၃ ဇူလိုင်
ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကူးကော် ကျေးရွာအုပ်စု၊ အင်းခေါင်းကျေးရွာ ပန်းတင်ကူဘုန်းတော်ကြီးကျောင်းတိုက်၌ ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ အချိန်က အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းမိသားစုနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကူးကော်ကျေးရွာနေ ပြည်သူများတို့က ပန်းတင်ကူကျောင်းတိုက်ဆရာတော်နှင့် ပင့်ဖိတ်၍ကြွရောက်လာတော်မူကြသည့် ဆရာတော်သံဃာတော်များအား ရှစ်ခိုးကန်တော့ကြ၍ ဆရာတော်ဦးတေဇဝန္ဒ ထံမှငါးပါးသီလကို ခံယူဆောက်တည်ကြကာ ဆရာတော်များဟောကြားတော်မူသည့် ပရိတ်တရားတော်မြတ်ကို နာကြားကြပြီး ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


