ထီးချိုင့် ၂၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့နံနက် ၉ နာရီက ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပန်းချီပြိုင်ပွဲသည် ကျောင်းသားကျောင်းသူလေးများ ကျောင်းပိတ်ချိန်တွင် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် စာကြည့်တိုက်ကို ကောင်းမွန်စွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူလေးများက ပန်းချီပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူလေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ရဲလင်းထွန်း(ပြန်ဆက်)


