ရန်ကုန် ၂၃  ဇူလိုင်  


မလေးရှားနိုင်ငံဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော သန်လျင်တိုက်ကွမ်ဒို ကလပ်မှ အားကစားသမားများ ဇူလိုင် ၂၂ ရက်ညနေ ၄ နာရီတွင်အသင်း အုပ်ချုပ်သူဦးစိုးကြည်၊ နည်းပြဦးဇော်ထွန်းအောင်နှင့် ကစားသမား ၄ ဦးတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။


အဆိုပါအဖွဲ့အား သန်လျင်တိုက်ကွမ်ဒို ကလပ်မှတာဝန်ရှိသူများ၊ သန်လျင်အထက(၁) မိဘဆရာကျောင်းအကျိုးဆောင်အဖွဲ့ နာယကဦးတင်ဝင်း ၊ဥက္ကဋ္ဌ ဦးမောင်မောင်တိုးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီသန်းနှင့် ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘဆွေမျိုးများက ကြိုဆိုနှုတ်ဆက်ကြသည်။


မလေးရှားဝန်ကြီးချုပ် ဖလားဖိတ်ခေါ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် သန်လျင်ဂျမားအထကမှ မမြေမြတ်နိုးဦးက ရွှေတံဆိပ်၊ သန်လျင်အထက(၁)မှ မောင်ပြည့်ဖြိုးကျော်က ငွေတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။


သန်းဝင်း (သန်လျင်)