နေပြည်တော်    ၂၃   ဇူလိုင် 


နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်သည် ယနေ့နံနက် ၈ နာရီက နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ရေလှောင်တမံသို့ သွားရောက်ကွင်းဆင်း၍ လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့သည်။

 

1

 


ငလိုက်ရေလှောင်တမံ ရှင်းလင်းဆောင်တွင် နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က နေပြည်တော်အတွင်းရှိ ရေလှောင်တမံများစာရင်း၊ ငလိုက်ရေလှောင်တမံ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ နှစ်အလိုက် မိုးရေချိန်ဝင်ထွက်မှု၊ ပုံမှန်စစ်ဆေး ဆောင်ရွက်မှု အခြေအနေ၊ အရေးအပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု စီမံချက်နှင့် နှစ်အလိုက်နွေစပါးမိုးစပါး စိုက်ပျိုးနိုင်မှု အခြေအနေတို့အား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသော ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအေးမောင်စိန်နှင့် ဦးညီထွန်းတို့မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေလှောင်တမံနှင့် ရေပိုလွှဲတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများက ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ဆင်သေဆည်သို့ကွင်းဆင်းသွားရောက်၍ လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN