ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟန်ဒေါင်ပြည်နယ်တွင် ယနေ့ နံနက်ပိုင်းက အမှတ် ၅လမ်းမကြီးတွင် ထရပ်ကား တစ်စင်းက လမ်းလယ်ကျွန်းကို တိုက်ကာ လမ်းသွားလမ်းလာများနှင့် မော်တော်ဆိုင်ကယ်သမားများကို ဆက်လက်တိုက်မိခဲ့ရာ လူပေါင်း ၅ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတော်တဆမှုများအတွင်းတွင်လည်း လမ်းလျှောက်နေသူတစ်ဦး သေဆုံးခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် ပထမနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၈၂၀၄မှု ဖြစ်ပွားခဲ့ပြီး ၃၇၅၉ဦး သေဆုံးခဲ့သည် ၂၄၆၃ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ၃၈၅၈ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ဗီယက်နမ် ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်