စစ်တွေ ၂၃ ဇူလိုင်
ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ အနောက်စံပြရပ်ကွက်၊ စစ်တွေဟိုတယ်ဆင်းလမ်းအနီးရှိ အဆိုပါရုံးသစ်ဆောက်လုပ်မည့်နေရာ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းဥက္ကဌ၊ ဦးဇော်မင်းဝင်းနှင့် ပြည်နယ်ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးရွှေဘသိန်းတို့ သတ်မှတ် နေရာများတွင် နေရာယူကြပြီး ပန္နက်တော်တင်ရိုက်နှိပ်ပေးကြကာ အမွှေးနံ့သာရေများ ပက်ဖျန်း ပေးကြသည်။
ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးကို မြေဧရိယာ ၃ ဧက တွင် ၉၀ ပေ၊ ၅၀ ပေ၊ RC သုံးထပ်အဆောက်အဦ ဆောက်လုပ်မည်ဖြစ်ပြီး ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးအပြင် ညီနောင်အသင်းများနှင့် အသင်းခွဲများ သင်တန်းခန်းများ၊ အစည်းအဝေးခန်းမများနှင့် အခြားသော လိုအပ်သော အဆောက်အဦများလည်း ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


