၂၃ ဇူလိုင်
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟီလ်မန် ပြည်နယ် မာဂျာ ခရိုင်တွင် ယမန်နေ့က တာလီဘန်စစ်သွေးကြွတို့ ပုန်းအောင်းရာနေရာကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သောကြောင့် တာလီဘန် တပ်မှူးအပါအဝင် စစ်သွေးကြွ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း စစ်ဘက်က ယနေ့ သတင်းထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းသေဆုံးသူ တာလီဘန်တပ်မှူးမှာ ဖာရစ် ဆိုသူဖြစ်ပြီး အခြားတစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟီလ်မန်ပြည်နယ်၏နေရာများတွင် တက်ကြွလှုပ်ရှားနေသော တာလီဘန်စစ်သွေးကြွများသည် ထိုထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို