နေပြည်တော် ၂၃ ဇူလိုင် 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် The World Bank Group ၏ Senior Economist, Mr. Sjamsu Rahardja ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကမ္ဘာ့စီးပွားရေးအသိုက်အဝန်း၌ မြန်မာနိုင်ငံ၏ ပေါင်းစည်းပါဝင်မှု မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ရယူသွားနိုင်ရေး၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအား ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံဆိုင်ရာ အရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးမြှင့်နိုင်ရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။  

သတင်းစဉ်