နေပြည်တော် ၂၃ ဇူလိုင်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Green Climate Fund (GCF) မှ Ms. Diane McFadzien နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆွေးနွေးရာတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိမ်းရောင်ရန်ပုံငွေ (GCF) ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကို ခံနိုင်ရည်ရှိစေရေး အထောက်အပံ့ပေးသည့် လုပ်ငန်းစီမံကိန်းများနှင့် အဆိုပြုနိုင်သည့် စီမံကိန်းများ၊ GCF ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် GCF ၏ နိုင်ငံဆိုင်ရာအစီအစဉ်အတွက် ဆက်နွယ်သည့်ဌာနများနှင့် ဆွေးနွေးဆောင်ရွက်မည့် အစီအစဉ်များ၊ လက်ရှိရင်ဆိုင်နေရသည့် အပူချိန်မြင့်မားမှု၊ မိုးခေါင်မှုနှင့် ရေဖုံးလွှမ်းမှုအကျိုးဆက်များ လျော့နည်းပပျောက်စေရေး နည်းပညာ၊ ရန်ပုံငွေ အထောက်အပံ့ ရရှိနိုင်မှုအလားအလာများ၊ ပုဂ္ဂလိကကဏ္ဍအပါအဝင် ဆက်စပ်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာစေရေး အလှူရှင်အဖွဲ့အစည်းများနှင့် ကမ္ဘာနိုင်ငံအများအပြား တက်ရောက်မည့် GCF Forum ကျင်းပမည့်အစီအစဉ်နှင့် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်နိုင်မှုတို့နှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


