သာစည် ၂၃ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီက White Marker Group,Thazi ၏  စီစဉ်မှုဖြင့် “Society for Peace and Justic” သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပဋိပက္ခဖြစ်ပွားမှုများ လျှော့ချနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို သင်တန်းစီစဉ်သူ White Marker Group,Thazi  ၏ Founder ဒေါ်လေးလေးနိုင်က ပြောသည်။ သင်တန်းတွင် လူကြီးနှင့် လူငယ်ပြဿနာ၊ သက်ငယ်မုဒိမ်း သိကောင်းစရာများ၊ လူငယ်နှင့် မူးယစ်ဆေး၊ ပဋိပက္ခဖြေရှင်းနည်းနှင့် ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းများကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။  

အဆိုပါသင်တန်းသို့ သင်တန်းသား ၃၀ ဦး တက်ရောက်ပြီး British Council မှ ဦးဇာနည်ဦးဆောင်သော သင်တန်းဆရာများက ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။    

ထွန်းထွန်း(သာစည်)