ရေကြည်  ၂၄    ဇူလိုင်  


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်၏ ခေါင်းဆောင်လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွားနို့တိုက်ကျွေးရေးအစီအစဉ်ကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အ.မ.က ခိုတောင်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၁၀၁) ဦးအား ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမိုးသူဇာနှင့် ဝန်ထမ်းများသည် နွားနို့နှင့်မုန့်များကို အာဟာရအဖြစ် တိုက်ကျွေးလှူဒါန်းခဲ့ကြောင်း သိရသည်။


အောင်သူဟန် (ပြန်/ဆက်)