ဂန့်ဂေါ ၂၄ ဇူလိုင်
ဂန့်ဂေါမြို့နယ်အတွင်း တစ်ပတ်ခန့် မိုးခေါင်နေခဲ့ရာမှ ဇူလိုင်လ ၂၂ ရက်မှ စတင်ကာ မိုးများရွာသွန်းလာသဖြင့် မြို့နယ်အတွင်း စိုက်ပျိုးထားသော မိုးသီးနှံများအတွက် အဆင်ပြေကာ တောင်သူများ ဝမ်းသာလျက်ရှိကြောင်း သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့က ရွာသွန်းခဲ့သည့်မိုးကြောင့် ၂၃ ရက်နေ့တွင် တိုင်းထွာရရှိခဲ့သော မိုးရေချိန်များမှာ ဂန့်ဂေါမြို့ပေါ်တွင် ၁ ဒသမ ၃၀လက်မ၊ ဟံသာဝတီကျေးရွာတွင် ဝ ဒသမ ၂၄လက်မ၊ မင်းရွာကျေးရွာတွင် ဝ ဒသမ ၆၀ လက်မနှင့် ကျောမြို့တွင် ဝ ဒသမ ဝ၄ လက်မ အသီးသီးရရှိပြီး ကန်ကျေးရွာဒေသမှလွဲ၍ တစ်မြို့နယ်လုံး အညီအမျှ ရွာသွန်းခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းတွင်လည်း မိုးဆက်လက်ရွာသွန်းလျက်ရှိသည်။
စိန်ကျော်


