ဝိုင်းမော် ၂၄ ဇူလိုင်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဇူလိုင်၂၃ ရက် နံနက် ၁၁ နာရီက မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ပြိုကျမှုဖြစ်ပွား၍ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းကြောင်းမှာ ဆိုင်ကယ်၊ မော်တော်ယာဉ်များ သွားလာမှု ပြတ်တောက်ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်စဉ်မှာ ကန်ပိုက်တည်မြို့ အထက်ဘာတွန်ကျေးရွာနှင့် ဝေမိုးကျေးရွာအကြားရှိ (၁၀၄) ကီလိုမီတာနှင့် (၁၀၅)ကီလိုမီတာ အကြားတွင်ဖြစ်ကာ တောင်သားနံရံ ပြိုကျသဖြင့် လမ်းအရှည် ပေ(၇၀)ခန့် ပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ သွားလာမှု ပြတ်တောက်သွားခဲ့ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားရာသို့ မြစ်ကြီးနား-ထိန်ချုံးလမ်းအပိုင်းဆောင်ရွက်သည့် ထိန်မင်း ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာနှင့် ပညာရှင်များက စက်ယန္တယားများဖြင့် ဖယ်ရှားရှင်းလင်းမှုများကို မွန်းလွဲ၁နာရီမှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ညနေ၄နာရီတွင် လမ်းအပိုင်းမှာ ပြန်လည်ပွင့်သွားခဲ့ပြီး မော်တော်ယာဉ်များ မောင်းနှင်သွားလာနိုင်ပြီဖြစ်ကြောင်း ထိန်မင်းလမ်းဖောက်လုပ်ရေးကုမ္ပဏီမှ သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)


