တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွီကျိုးပြည်နယ်တွင် အင်္ဂါနေ့က မြေပြိုမှုနှစ်ခုဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရ အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ မြေပြိုမှုသည် အင်္ဂါနေ့ ညနေ ၄နာရီအချိန်ဖြစ်ပွားခဲ့ပြီး ဟီကျောင်စီရင်စုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးပျောက်ဆုံးနေကြောင်း အဆိုပါ စီရင်စုအစိုးရ ထုတ်ပြန်ချက်အရ သိရသည်။
Liupanshui မြို့တွင် အင်္ဂါနေ့ ညနေပိုင်းက နောက်ထပ်မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ အိမ်ပေါင်း ၂၀ကျော်မှာ မြေအောက်သို့ ရောက်ရှိခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
မတော်တဆမှုဖြစ်ပွားပြီးချင်း အဆိုပါနေရာသို့ ကယ်ဆယ်ရေးလုပ်သားများသည် ချက်ချင်း ရောက်ရှိသွားခဲ့ကြပြီး ဗုဒ္ဓဟူးနေ့ နံနက် ၁နာရီအချိန်ခန့်တွင် လူ၁၀ဦးကို ကယ်တင်နိုင်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်