ကာလရှည်ကြာ လစ်လပ်နေသည့် ပင်တဂွန် ကာကွယ်ရေးဝန်ကြီးနေရာကို မက်အက်စပါအား အမေရိကန်အထက်လွှတ်တော်မှ အတည်ပြုခန့်အပ်လိုက်ပြီ ဖြစ်သည်။


အသက် ၅၅နှစ်အရွယ် အက်စပါသည် အင်္ဂါနေ့က အထက်လွှတ်တော်၌ မဲအများစုဖြင့် အနိုင်ရရှိပြီး  အတည်ပြုအပ်ခဲ့ခြင်း ဖြစ်သည်။ ထရန့်အစိုးရအတွင်း ဒုတိယအကြီးအကဲအဖြစ် ၄င်းက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

အက်စပါသည် အမေရိကန်စစ်တက္ကသိုလ် ဘွဲ့ရရှိခဲ့ပြီး တပ်မတော်တွင် အနှစ်နှစ်ဆယ် တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၁၇ခုနှစ်တွင် ၄င်းသည် ကာကွယ်ရေးဌာနတွင် အကြီးတန်းရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၄င်းမတိုင်ခင် အက်စပါသည် ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်တာတွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

တရုတ်နိုင်ငံတန်ပြန်ရန်အတွက် ဂျပန်နှင့်အခြားမဟာမိတ်များကို ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ၄င်းက ပြောကြားခဲ့သည်။ 

 

mdn

 

ပြီးခဲ့သည် ဒီဇင်ဘာအတွင်းက ဂျိမ်းမက်တစ် ရာထူးမှ အနားယူခဲ့ပြီးနောက် ကာကွယ်ရေး ဝန်ကြီး နေရာမှာ ခြောက်လအကြာ လစ်လပ်နေခဲ့သည်။ 

အက်စပါသည် တရုတ်နိုင်ငံနှင့်အီရန်နိုင်ငံအပါအဝင် အမျိုးမျိုးသော အမျိုးသားလုံခြုံရေးအတွက် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်