၂၄ ဇူလိုင်

ဂျပန်အစိုးရသည် တောင်ကိုရီးယား နိုင်ငံအပေါ် ပို့ကုန်နိုင်ငံများ အမည်စာရင်းမှ ဖယ်ရှားလိုက်ခြင်းဖြင့် ပို့ကုန်ထိန်းချုပ်မှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟု ကြေညာသည်။

တောင်ကိုရီးယားနိုင်ငံကို ပို့ကုန်အမည်စာရင်းမှ ဖယ်ရှားရန် တစ်သောင်းထက်ပိုသော အများပြည်သူ ထောက်ခံချက်ကို လက်ခံရရှိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

 

mdn

 

ယင်းပို့ကုန်ထိန်းချုပ်မှု အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းသည် ထုတ်ကုန်များစွာအတွက် သီးခြားပို့ဆောင်မှုများအပေါ် ထိုဝန်ကြီးဌာန၏ သဘောတူညီချက်ရရှိရန် ကုမ္ပဏီများ လိုအပ်မည်ဖြစ်သည်။

အိန္ဒိယ နှင့် တရုတ်နိုင်ငံများသို့ တင်ပို့သောပို့ကုန်များ ကန့်သတ်ထားပြီးဖြစ်သည်။

 

mdn

 

ဝန်ကြီးဌာန တာဝန်ရှိသူများက သြဂုတ်လအစောပိုင်းတွင်  တောင်ကိုရီးယားကို ထိုပို့ကုန်စာရင်းမှဖယ်ရှားရန် စီစဉ်ထားသော်လည်း တောင်ကိုရီးယားနိုင်ငံ၏ တုံ့ပြန်မှုကို ၎င်းတို့အနေဖြင့် စောင့်ကြည်မည် ဖြစ်ကြောင်း ပြောဆိုသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို