နေပြည်တော် ၂၄ ဇူလိုင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation မှ အမှုဆောင်အရာရှိချုပ် Dr. Michael Marett-Crosby နှင့်အဖွဲ့အား ယနေ့တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပစီးပွားရေးကော်မရှင် United Nation Economic Commission for Europe (UNECE) Regulation no.22 ပါ ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဋ္ဌာန်းချက်များကို ကိုးကားကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် ၂၀၂၁-၂၀၃၀ ရေးဆွဲရေးဆိုင်ရာများ၊ Suu Foundation မှ ဆက်လက်အကူအညီပေးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


