နေပြည်တော် ၂၄ ဇူလိုင်
ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့အခြေစိုက် Earth System Co., Ltd မှ Southeast Asia Operation Director Mr. Chris Smithies နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တာ်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၃၀)တွင် Earth System အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ဆန်းစစ်လေ့လာခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဘူမိဗေဒပညာရပ်နှင့် ရေအရင်းအမြစ် စီမံခန့်ခွဲခြင်း လုပ်ငန်းများ၊ စွမ်းအင်နှင့် ကာဗွန်ဆိုင်ရာနည်းပညာများ၊ နိုင်ငံတကာအကူအညီနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကူညီပံ့ပိုးနိုင်ရန် တင်ပြဆွေးနွေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ Earth System မှ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


