ကျွန်းလှ   ၂၅  ဇူလိုင်   


ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်နိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် လေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။


ထိုလေ့ကျင့်ရေးပစ္စည်းများကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင်လည်းကောင်း၊ ပြည်သူ့အားကစားကွင်းတွင်လည်းကောင်း၊ အထက(ကျွန်းလှ) ကျောင်းရှေ့တွင်လည်းကောင်း၊ အထက (သစ်ရာမြိုင်)ကျောင်းရှေ့နှင့် ပျဉ်းမမြိုင်ရပ်ကွက်တို့တွင် တပ်ဆင်မည်ဖြစ်ကြောင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။


အဆိုပါ ပစ္စည်းများတပ်ဆင်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။


မျိုးဝင်းညို (ကျွန်းလှ)