ဝမ်းတွင်း  ၂၅   ဇူလိုင်


မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ရှိ ဆေးအရောင်းဆိုင်များတွင် စံမညီဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ စပ်ဆေးများ ရောင်းချခြင်းရှိ မရှိ စစ်ဆေးခြင်းကို ဇူလိုင် ၂၄ နံနက် ၁၀ နာရီက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် ခရိုင် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာကျော်သန်းရွှေနှင့်  ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်းရှိ ဆေးဝါးများရောင်းချနေသော ဆေးဆိုင်များတွင် စံမညီဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချခြင်းရှိ မရှိ၊ ဆေးဝါးထားသိုမှုနှင့် ရောင်းချမှုစနစ်၊ သက်မှတ်ချက်များ ကိုက်ညီမှုရှိ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။


ဌေးလှိုင်(ပြန်/ဆက်)