နမ့်ဆန် ၂၅  ဇူလိုင်


ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ဇူလိုင် ၂၄ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

1

 


သင်တန်းဖွင့်ပွဲတွင် မြို့နယ် ကြက်ခြေနီအသင်းဉက္ကဋ္ဌ ဦးကြားတီက ကျေးရွာတိုင်းမှာ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ရှိစေလိုကြောင်း၊ ကြက်ခြေနီသင်တန်း တက်ရောက်ပြီးပါက မိမိဒေသ၊ ကျေးရွာများတွင် အရေးပေါ်ကုသမှု လိုအပ်ပါက ရှေဦးပြုစုခြင်း ကုသနည်းဖြင့် ပြုစုပေးနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီ အခြေခံမူ (၇)ချက်၊ ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်း၊ အရိုးအဆစ် ဇက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း စသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများကို (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပြသပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို မြို့နယ် ကြက်ခြေနီအသင်းနှင့် နမ့်ဆန်ညီနှောင် ဖောင်ဒေးရှင်းတို့က ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


အောင်မိုး (ရွှေဖီမြေ)