၂၅ ဇူလိုင်

၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးဖော်ထုတ်ခြင်းသည် အချိန်ဖြုန်းသလိုဖြစ်ကြောင်း  အမေရိကန်သမ္မတ ဒေါ်နယ်ထရန်က ဆိုသည်။ 

အကြံပေးဟောင်းဖြစ်သူ ရောဘတ်မူလာက လွှတ်တော်တွင် သက်သေခံထွက်ချက်များ ထွက်ဆိုပြီးနောက် ဗုဒ္ဓဟူးနေ့က  အိမ်ဖြူတော်တွင် ထရန့်က သတင်းထောက်များက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရီပတ်ပလင်ကန်ပါတီအတွက် နေ့ရက်ကောင်းတစ်ရက်ဖြစ်ကြောင်း၊ မူလာ၏ထွက်ဆိုချက်က အမေရိကန်ပြည်ထောင်စုအတွက် အချိန်ဖြုန်းသလို ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ 

 

j2

 

ရောဘတ်မူလာက ၄င်း၏အစီရင်ခံစာတွင် သမ္မတကို အပြစ်မရှိဟုထုတ်ဖော်ကြေညာခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သော်လည်း မူလာမှာ ကိုယ့်ကိုကိုယ် အပြစ်ကင်းစင်သည်ဟု ပြောကြားပိုင်ခွင့်မရှိကြောင်း ထရန့်က ပြောသည်။  

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်