ရေကြည် ၂၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် သြစတေးလျသံရုံး (မြန်မာ)၏ ရန်ပုံငွေပံ့ပိုးကူညီပေးမှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တို့ ပူးပေါင်းကျင်းပသော မသန်စွမ်းသူများ အတွက် ဝင်ငွေတိုးစေမည့် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှိုစိုက်ပျိုးနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြတ်ပညာဒါန ဖောင်ဒေးရှင်း မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတန်းဖွင့်ပွဲသို့အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးညွှန့် ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးမင်းခိုင်ဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အိမ်မဲမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က သင်တန်းသားသင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ရွှေမင်းသားဖောင်ဒေး(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မှိုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ၏ နှလုံးသားထက်မြက်သူ documentry အခွေအားပြသခဲ့ပြီး မသန်စွမ်းအသင်းချုပ်ဥက္ကဋ္ဌက မုဒိတာစကားပြောကြားကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ သင်တန်းသို့ရေကြည်မြို့နယ်အတွင်းရှိ သင်တန်းသား/ သင်တန်းသူ (၃၀) ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင် (၂၅) မှ (၂၈) ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူဟန် ( ပြန်/ဆက်)


