ဂန့်ဂေါ ၂၅ ဇူလိုင်
ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် ရဲတပ်ဖွဲ့စခန်းနယ်မြေအလိုက် သက်ငယ်မုဒိမ်းကျဆင်းရေး HOME VISIT စနစ်ဖြင့် အိမ်တိုင်ရာရောက် သွားရောက်ဆွေးနွေးလျက်ရှိရာ ဂန့်ဂေါမြို့နယ် ကန်ရွာ ရဲတပ်ဖွဲ့ စခန်း တပ်ကြပ်ကြီး သီဟထွန်းနှင့် ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်း၊ အရန်မီးသတ်တပ်စုမှူး ဦးကျော်အောင်တို့ ပူးပေါင်းအဖွဲ့သည် ကန်ကျေးရွာ၌ အိမ်ခြေ ၃၅ အိမ်ရှိ မိသားစု ၉၀ ဦးတို့ထံ သွားရောက်တွေ့ဆုံ၍ သက်ငယ်မုဒိမ်းကျဆင်းရေး၊ မှုခင်းကျဆင်းရေးတို့ကို ဆွေးနွေးခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးမှု ပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


