မူဆယ် ၂၅  ဇူလိုင်


စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  မူဆယ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

8


အခမ်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများဖြစ်သည့် စာစီစာကုံး၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို မူဆယ်ခရိုင်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် အလှူရှင် ဦးကြည်သိန်းက စာကြည့်တိုက်များ ဖောင်ဒေးရှင်းအတွက် အလှူငွေ (၅)သိန်းကျပ် လှူဒါန်းရာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း(ဗဟို) နယ်မြေတာဝန်ခံ ဦးဝင်အောင်က လက်ခံခဲ့သည်။

 

9


ယင်းနောက် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ မူဆယ်မြို့၊ အထက(၁) ကျောင်းစာကြည့်တိုက်၊ မောဝ်နေခြည် စာကြည့်တိုက်နှင့် ဝိန်းမိုင်စာကြည့်တိုက်တို့အတွက် စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းခဲ့ပြီး စာကြည့်တိုက်ပညာ ဆွေးနွေးပွဲ သင်တန်းသား၊ သင်တန်းသူများကို တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။


ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)

 

10