ရန်ကုန်  ၂၅  ဇူလိုင်


ပီတီတီရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (ပီတီတီအီးပီ) သည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များမှတစ်ဆင့် တန်ဖိုးမြင့်တီထွင်ဖန်တီးမှုများကို ထည့်သွင်းနိုင်ရန်  ငါးနှစ်တာ (၂၀၁၉-၂၀၁၃) ကာလအတွက် ရင်းနှီးမြှုပ်နှံမှုစီမံချက်နှင့် အရောင်းပမာဏ လျာထားချက်များကို ပြန်လည်စိစစ်ပြင်ဆင်လိုက်ကြောင်း သိရသည်။


ပီတီတီအီးပီအနေဖြင့် ၂၀၁၉ ခုနှစ်အတွက် ခန့်မှန်းခြေအသုံးစရိတ်စုစုပေါင်းကို ယခင်က ပမာဏ အမေရိကန်ဒေါ်လာ ၃,၂၅၆ သန်း သတ်မှတ်ထားရာမှ ယခုအခါ တိုးမြှင့်ပြီး အမေရိကန်ဒေါ်လာ ၃,၅၇၇ သန်းထိ သတ်မှတ်ခဲ့သည်။အသစ်သတ်မှတ်လိုက်သည့် ခန့်မှန်းခြေ အသုံးစရိတ်စုစုပေါင်းတွင် သိုမှီးစရိတ် အမေရိကန်ဒေါ်လာ ၂,ဝ၈၆ သန်း ပါဝင်ခြင်းမရှိကြောင်း သိရသည်။


ငါးနှစ်တာ (၂၀၁၉-၂၀၂၃) ကာလ ရင်းနှီးမြှုပ်နှံမှုစီမံချက်အတွက် ပီတီတီအီးပီက အသုံးစရိတ်စုစုပေါင်းကို အမေရိကန်ဒေါ်လာ ၂၁,၃၅၄ သန်း ခွဲဝေသတ်မှတ်ထားရာ အသေးစိတ်ကို  ဖော်ပြထားသည်။
(ဇယား-၁)

 

11


စိစစ်ပြင်ဆင်ချက်အရ ပီတီတီအီးပီ သည် ၂၀၁၉ ခုနှ်တွင် ပျမ်းမျှရေနံအရောင်းပမာဏကိုလည်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၃၄၅,ဝ၀ဝ စည်ဟု တိုးမြှင့်သတ်မှတ်ထားလိုက်ရာ ယမန်နှစ်က သတ်မှတ်ထားသည့် ၃၁၈,ဝ၀ဝ စည်ထက် ၈.၅ ရာခိုင်နှုန်းတက်လာပြီး ၂၀၂၃ ခုနှစ်အထိ ၅ နှစ်ကာလအတွက် ပေါင်းစုနှစ်စဉ်တိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
 (ဇယား-၂)

 

12


လုပ်ငန်းတိုးချဲ့မှု (Expand) မဟာဗျူဟာ အစီအစဉ်အရ ပီတီတီအီးပီ သည် မြန်မာနိုင်ငံရှိ ဇောတိကစီမံကိန်း အပါအဝင် လက်ရှိစီမံကိန်းများတွင် ရေနံရှာဖွေရေးလုပ်ငန်းများကိုပါ အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပီပီတီအီးပီ၏ ထုတ်ပြန်ချက်အရ သိရသည်။


ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာ နိုင်ငံများအတွက် ရေရှည်တည်တံ့သည့် ရေနံဓာတုပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန် အဓိက ဉီးတည်ဆောင်ရွက်နေသော၊ ထိုင်းနိုင်ငံရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် PPT Exploration and Production Public Company Limited (PTTEP) ၏ လုပ်ငန်းခွဲကုမ္ပဏီ တစ်ခုလည်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ Stock Exchange တွင် ထိပ်တန်းကုမ္ပဏီ ၁၀ ခုစာရင်းဝင် အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပီတီတီအီးပီ၏ ရေနံရှာဖွေထုတ်လုပ်ရေးစီမံချက်များတွင် လုပ်သားအင်အား ၄,ဝ၀ဝ ဖြင့် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။


MDN