ဖလမ်း ၂၅ ဇူလိုင်
ကလေးသူငယ်များ၏ လူမှုဘဝလုံခြုံစိတ်ချစွာ နေထိုင်သွားလာနိုင်ရေးအတွက် ဖလမ်းခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဖလမ်းခရိုင်ကလေးသူငယ်များဆိုင်ရာကော်မတီဥက္ကဌ(ကိုယ်စား) ခရိုင်ဒုတိယအုပ်ချုပ် ရေးမှူး ဦးရဲမြတ်တင့်က အမှာစကားပြောကြားပြီး ဟားခါးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ချိုဦးက ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကလေးမိဘများ၊ ဆရာ/မများအနေဖြင့် သတိပြုရမည့်အချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်း အဖွဲ့များက အမြင်ခြင်းဖလှယ်အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


