ဆီဆိုင် ၂၅ ဇူလိုင်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သမဝါယမဦးစီးဌာနရုံးရှေ့ တောင်ကြီး-ဆီဆိုင်-လွိုင်ကော် လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့်အညီ စီးနင်းမောင်းနှင်သွားလာစေရေး စစ်ဆေးအရေးယူခြင်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ စီးနင်းမောင်းနှင်မှုများကို စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


