နေပြည်တော် ၂၅ ဇူလိုင်
ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Country Director, Mr.NewinSinsiri နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)အနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော Rural Roads and Access Project နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအခြေအနေများအား ဆွေးနွေးတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြရာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


