ထန်းတပင် ၂၅ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် တလိုင်မှီ ကျေးရွာအုပ်စု၊ တလိုင်မှီကျေးရွာအတွင်းရှိ လူနေအိမ်များ အမိုးလန်ကာ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် ဝါးကျူထရံကာ၊ သွပ်မိုး လူနေအိမ် (၅) လုံးအမိုးများ လန်ကာပျက်စီးခြင်း၊ ဝါးကျူထရံကာ၊ သွပ်မိုးလူနေအိမ် (၄) လုံး ပြိုကျပျက်စီးခြင်းများ များဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုဝင်များအတွက် ပြန်လည်ပြုပြင်နိုင်ရန်နှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


