လွိုင်ကော် ၂၅ ဇူလိုင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အထူးစက်မှုဇုန် ဖော်ထုတ်ဆောင်ရွက်လိုသည့် Sun Myat Tun Construction Co.,Ltd မှ တာဝန်ရှိသူများကို ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၂ နာရီတွင် ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ Sun Myat Tun Construction Co.,Ltd မန်နေးဂျင်းဒါရိုက်တာ ဦးနေလင်းထွန်းမှ လွိုင်ကော် စက်မှုဇုန်အပိုင်း(၁)နှင့် (၂)တွင် အထူးစက်မှုဇုန်ဖော်ထုတ်မည့် အစီအမံများအား အသေးစိတ် ရှင်းလင်းတင်ပြ ခြင်း၊ ကုမ္ပဏီအနေနှင့် စက်မှုဇုန် အပိုင်း(၁)နှင့် (၂)တွင် မြေဧရိယာလုံလောက်မှု ရှိ/မရှိ အခြေအနေနှင့် မြေပြင်အခြေအနေများအား ကွင်းဆင်းစိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပိန်းချစ်ဒေသတစ်ဝိုက်တွင်လည်း အလားတူ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်များကို ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။

 

mdn

 

အဆိုပါ တွေ့ဆုံပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွိုင်ကော်သား

 

mdn