နေပြည်တော် ၂၅ ဇူလိုင်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှ တောင်သူခေါင်းဆောင် ဦးပြေငြိမ်းအောင် ဦးဆောင်သောဒေသခံ တောင်သူလယ်သမား (၂၀) ဦးတို့သည် ယနေ့နံနက် ၁၀ နာရီက အမျိုးသားလွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာကြသည်။
ထို့အတူ ပုသိမ်တက္ကသိုလ်၊ ဥပဒေပညာအထူးပြု စတုတ္ထနှစ်နှင့် ပဉ္စမနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ (၈၉)ဦး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့ဝင်များဖြစ်သော ကယားပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ချင်းပြည်နယ် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ကြီးကြပ်သူနှင့် အထောက်အကူပြုအဖွဲ့ဝင်များ (၁၂၁)ဦးတို့သည် အမျိုးသား လွှတ်တော်အဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်း ဧည့်သည် (၁၉၄၄၅) ဦးနှင့် ပြည်ပဧည့်သည် (၂၁၅၀) ဦးရှိကြောင်း သိရသည်။
သတင်းစဉ်