နေပြည်တော် ၂၅ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS) နှင့် (IFRC) တို့ဖြင့် ပူးပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော နောက်ဆုံးအခြေအနေ၊ လတ်တလော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုအခြေအနေ၊ ရခိုင်ပြည်နယ်အစိုးရနှင့် ICRC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်တွင်သာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ဆောင်ရွက်နေမှု၊ ICRC အဖွဲ့အနေဖြင့် ကြက်ခြေနီလှုပ်ရှားမှုမှတစ်ဆင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


